Login
Savings Account

ငွေစုဘဏ် အပ်ငွေ၏ ရည်ရွယ်ချက်

ငွေစုဘဏ်အပ်ငွေစာရင်း Saving Account သညငွေပိုငွေလျှံရှိသူများအတွကငွေစုဆောင်းရင်း လစဉအတိုးနှုန်းရရှိနိင်မည့် အကောင့်အမျိုးအစား ဖြစ်ပါသည်။

ငွေစုဘဏ်အပ်ငွေ ၏ အကြောင်းဖော်ပြချက်

  • အတိုးပေးသောအကောင့် ဖြစ်ပါသည်။ 
  • ငွေစုရန် ရွေးချယ်သင့်သော အကောင့်အမျိုးအစား တစ်ခု ဖြစ်ပါသည်။ 
  • လဆန်း()ရက်မှ ()ရက်အတွင်းအပ်ငွေ၏ တစ်လအတွင်းအနည်းဆုံး လက်ကျန်ငွေ ပေါ်တွင် အတိုးတွက်ပေးပါသည်။  
  • လစဥ် အတိုးတွက်ချက်ပေးပြီး ငွေစုသူအကောင့်သို့ လစဉ်လကုန်ရက်တိုင်း အလိုအလျောက်ထည့်သွင်း ပေးသွားမည်ဖြစ်ပါသည်။ 
  •  ATM များနှင့် စျေးဆိုင်များတွင် ငွေပေးချေနိုင်သော Debit Card ကိုလည်း ထုတ်ပေးပါသည်။ 

ဖွင့်လှစ်နိုင်သော အကောင့်အမျိုးအစားများ

လူပုဂ္ဂိုလ်တစ်ဦးချင်း

လူနှစ်ဦးနှင့်အထက်တွဲဖက်၍

ကုမ္ပဏီ

အသင်းအဖွဲ့

အသက် (၁၈) နှစ်မပြည့်သေးသူများ

ငွေစုဘဏ်အပ်ငွေ အကြောင်း အသေးစိတ်ဖော်ပြချက်

Table Header Table Header
အမျိုးအစား
ငွေစုဘဏ်အပ်ငွေစာရင်းအကောင့်
ငွေကြေး
မြန်မာကျပ်
အတိုးနှုန်း
နှစ်စဥ် ၇%
ဘဏ်မှထုတ်ပေးမည့် စာအုပ်အမျိုးအစား
  • ငွေစုစာအုပ်
  • MPU Card (တစ်ဦးချင်း အကောင့် ဖွင့်လှစ်သော Customer များအတွက်)
ငွေစုဘဏ်အပ်ငွေဖွင့်လှစ်ရန် သင့်တော်သော Customer များ
ငွေစုဘဏ်အပ်ငွေ Saving Account သည် ငွေပိုငွေလျှံများအား ငွေစုဆောင်းရင်း လစဉ်အတိုးနှုန်းခံစားနိုင်မည့်အပြင် လိုအပ်ပါက အချိန်မရွေးငွေပြန်လည်ထုတ်ယူလိုသော စီးပွားရေးလုပ်ငန်း များနှင့် လူပုဂ္ဂိုလ်များအတွက် သင့်တော်သော အကောင့်အမျိုး အစား ဖြစ်ပါသည်။
ကနဦးအပ်ငွေ
ကျပ် ၁,၀၀၀
အနည်းဆုံးလက်ကျန်ငွေ
ကျပ် ၁,၀၀၀
ကုမ္ပဏီ ငွေစုဘဏ်အပ်ငွေစာရင်း ဖွင့်လှစ်ရန် လိုအပ်သည့် စာရွက်စာတမ်းများ
  • ဘဏ်၏စာရင်းဖွင့် လျှောက်လွှာ
  • စာရင်းဖွင့်လှစ်ပေးပါရန် ကုမ္ပဏီမှအကြောင်းကြားစာ (ကုမ္ပဏီ Letter Head ဖြင့်)
  • စာရင်းဖွင့်လှစ်ရန် ဆုံးဖြတ်ကြောင်း ကုမ္ပဏီ၏ အစည်းအဝေးမှတ်တမ်း (ကုမ္ပဏီ Letter Head ဖြင့်)
  • ကုမ္ပဏီလိုင်စင် သို့မဟုတ် DICA မှတ်ပုံတင်‌
  • ကုမ္ပဏီ၏ ရှယ်ယာဖွဲ့စည်းပုံဖော်ပြချက် (DICA Extract)
  • မှတ်ပုံတင်မိတ္တူ (စာရင်းတွင် ပါ၀င်ဖွင့်လှစ်မည့် သူများ ၏ မှတ်ပုံတင် သို့ နိုင်ငံကူးလက်မှတ်)
  • စာရင်းပိုင်ရှင်မဟုတ်သော အခြား၀န်ထမ်းများမှ လက်ကျန်ငွေစစ်ဆေးခြင်းနှင့် ငွေစုစာအုပ်စု ထုတ်ယူခြင်း များအတွက် ကုမ္ပဏီ Letter Head ပါ ခွင့်ပြုစာ