Login
Land & Building Loan

မြေနှင့်အဆောက်အဦးချေးငွေ

မြေနှင့်အဆောက်အဦးချေးငွေ၏ရည်ရွယ်ချက်

  • ‌ရွှေဘဏ်၏ မြေနှင့်အဆောက်အဦးချေးငွေ (Land & Building Loan) သည် “မြေနှင့် အဆောက်အဦးတွဲ၍သော်လည်းကောင်း၊ မြေကွက်သီးသန့်ကိုသော်လည်းကောင်း၊ ဘဏ်ချေးငွေဖြင့် ဝယ်ယူပိုင်ဆိုင်လိုသူများအတွက် ရေရှည်အဆင်ပြေနိုင်ရန်ရည်ရွယ်သည့် ချေးငွေတစ်ခုဖြစ်ပါသည်။
  • ချေးငွေကို လစဥ်သက်တောင့်သက်သာပေးဆပ်ရင်း မိမိရဲ့အိမ်ယာပိုင်ဆိုင်လိုသည့် စိတ်ကူးပန်းတိုင်များ ကို “‌ရွှေဘဏ်၏ မြေနှင့်အဆောက်အဦးချေးငွေ” ရယူခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်ကြပါစို့။

မြေနှင့်အဆောက်အဦးချေးငွေပုံစံ

  • ရွှေဘဏ်၏ မြေနှင့်အဆောက်အဦးချေးငွေဖြင့် “မြေနှင့်အဆောက်အဦးတွဲလျှက်” (သို့မဟုတ်) “မြေသီးသန့်” တို့ကို၊ ရွှေဘဏ်နှင့်ချိတ်ဆက်ထားသော Developer များထံမှဖြစ်စေ (သို့မဟုတ်) Developer မဟုတ်သည့်အခြားမြေပိုင်ရှင်များထံမှဖြစ်စေ အလွယ်တကူ ဝယ်ယူနိုင်ပြီး၊ ချေးငွေ ပြန်ဆပ်ကာလ (၁၅)နှစ် အထိခွင့်ပြုထားသော ရွေးချယ်ရန်အသင့်တော်ဆုံးသော ချေးငွေပုံစံတစ်ခုဖြစ်ပါသည်။
  • ရွှေဘဏ်၏ မြေနှင့်အဆောက်အဦးချေးငွေဖြင့် ဝယ်ယူမည့်မြေသည် ဂရန်မြေ(သို့မဟုတ်)မြေပိုင်မြေ ဖြစ်ရန်လိုပြီး ရောင်းချသူအမည်ပေါက်မြေ ဖြစ်ရပါမည်။

မြေနှင့်အဆောက်အဦးချေးငွေလျှောက်ထားခွင့်ရှိသူများ

  • ချေးငွေလျှောက်ထားသူ(Main Applicant)သည် မြန်မာနိုင်ငံသားဖြစ်ရပါမည်။
  • မိသားစုဝင်များသည် ပူးတွဲချေးငွေလျှောက်ထားသူ (Joint Applicant) အဖြစ် လျှောက်ထား နိုင်ပါသည်။
  • ချေးငွေလျှောက်ထားသူနှင့် ပူးတွဲချေးငွေလျှောက်ထားသူများသည် ချေးငွေလျှောက်ထားချိန်တွင် အသက် (၂၀) နှင့် ချေးငွေသက်တမ်းကုန်ချိန်တွင် အများဆုံး အသက် (၆၅) နှစ်ရှိသူဖြစ်ရပါမည်။
  • ချေးငွေလျှောက်ထားသူသည် လုပ်ငန်းရှင်ဖြစ်ပါက အနည်းဆုံးလုပ်ငန်းသက်တမ်း (၃) နှစ်ရှိရပါမည်။
  • ချေးငွေရယူရန် လူပုဂ္ဂိုလ်အာမခံသူ (၂) ဦးကို တင်ပြပေးနိုင်သူ ဖြစ်ရပါမည်။
  • ဝယ်ယူမည့် မြေနှင့်အဆောက်အဦးသည် ဝယ်သူကိုယ်တိုင် နေထိုင်ရန်အတွက်ဖြစ်ရပါမည်။

မြေနှင့်အဆောက်အဦးချေးငွေ၏ အတိုးနှုန်း နှင့် ကျသင့်ငွေများ

Table Header Table Header
အတိုးနှုန်း :
နှစ်စဥ်အတိုး ၁၀% မှ ၁၂% အထိ
ချေးငွေအတိုး နှင့် အရင်းအား လစဥ်ပေးဆပ်ရန်။
ချေးငွေနှင့်ပတ်သက်၍ တင်ပြမည့်စာရွက်စာတမ်း ပြည့်စုံခိုင်မာမှု အပေါ်မူတည်၍ အတိုးနှုန်းအား Case-by-Case စဥ်းစားမည်ဖြစ်ပါသည်။
အတိုးနှုန်းတွက်ချက်သည့်
ပုံစံ :
ချေးငွေလက်ကျန်ပမာဏအလိုက် လစဥ်အတိုးတွက်ချက်ခြင်း
လျှောက်လွှာကြေး :
၁၀,၀၀၀/- ကျပ်
လျှောက်လွှာကြေးကို ချေးငွေလျှောက်ထားမှုတစ်ခုအတွက် တစ်ကြိမ်သာ ကောက်ခံမည် ဖြစ်ပါသည်။
အနည်းဆုံးကနဦးပေးသွင်းငွေ :
Minimum Down Payment 30%
ဝန်ဆောင်ခ :
ချေးငွေခွင့်ပြုပမာဏ၏ ၁%
သက်တမ်းမပြည့်မီ စောစီးစွာပြန်ဆပ်ခြင်း :
ချေးငွေကျပြီး (၂) နှစ်အတွင်း ချေးငွေအပြေအကြေပေးဆပ်လျှင် - ချေးငွေ လက်ကျန်၏ ၂% ။
ချေးငွေကျပြီး (၂) နှစ် နောက်ပိုင်းမှ ချေးငွေအပြေအကြေပေးဆပ်လျှင် - ကျသင့်ငွေ မရှိ။
အလုံးစုံအာမခံထားရှိခြင်း :
ဘဏ်မှသတ်မှတ်ထားသောအာမခံကုမ္ပဏီတွင် မီးအာမခံအားထားရှိရမည်ဖြစ်ပါသည်။

မြေနှင့်အဆောက်အဦးချေးငွေ လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများ

  • ပတ်စ်ပို့အရွယ် ကာလာဓာတ်ပုံ (၁) ပုံ
  • နိုင်ငံသားမှတ်ပုံတင်မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ရပ်ကွက်ထောက်ခံစာမူရင်း (ရှိခဲ့လျှင်)
  • ရဲစခန်းထောက်ခံစာမူရင်း (ရှိခဲ့လျှင်)
  • လက်ရှိနေထိုင်သည့်အဆောက်အဦးနေရာ ပိုင်ဆိုင်မှု/ငှားရမ်းစာချုပ်မိတ္တူ (ရှိခဲ့လျှင်)
  • (ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဖြစ်လျှင် လုပ်ငန်းအဆောက်အဦးနေရာ ပိုင်ဆိုင်မှု/ငှားရမ်းစာချုပ်မိတ္တူ) (ရှိခဲ့လျှင်)
  • အခြားပိုင်ဆိုင်မှုအထောက်အထား -ရွှေ/ကား/စုငွေစာရင်း စသည်ဖြင့် (ရှိခဲ့လျှင်)

လခစားဝန်ထမ်းများမှ လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများ

  • ဝန်ထမ်းဖြစ်ကြောင်း‌ထောက်ခံစာ
  • ၃လစာ လစာပြေစာ
  • နောက်ဆုံး ၃ လစာ ဝင်ငွေအထောက်အထား သို့ ဘဏ်စာရင်း
  • အသက်မွေးမှုလိုင်စင်-ဥပမာ-ဆရာဝန်၊သင်္ဘောသားလိုင်စင်(ပရော်ဖက်ရှင်နယ်ဝန်ထမ်းဖြစ်လျှင်)

ကိုယ်ပိုင်လုပ်ငန်း – ဥပမာ စျေးဆိုင်/ လက်လီလုပ်ငန်းလုပ်ကိုင်သူများမှ လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများ

  • လုပ်ငန်းလိုင်စင်မိတ္တူ
  • လုပ်ငန်း၏ ဓါတ်ပုံများ- ရှေ့၊နောက်၊ဘေး၊ဝဲ၊ယာ
  • နောက်ဆုံး ၃ နှစ်စာ ဘဏ္ဍာ‌ရေးရှင်းတမ်း
  • နောက်ဆုံး ၃ နှစ်စာ အခွန်ပြေစာ
  • နောက်ဆုံး ၃ လစာ ဝင်ငွေအထောက်အထား သို့ ဘဏ်စာရင်း

ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်သူများမှ လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မိတ္တူ
  • ကုမ္ပဏီလိုင်စင် မိတ္တူ
  • DICA တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီအချက်အလက်စာရွက်စာတမ်းများ
  • အစည်းအဝေးမှတ်တမ်း
  • နောက်ဆုံး ၃ နှစ်စာ ဘဏ္ဍာ‌ရေးရှင်းတမ်း
  • နောက်ဆုံး ၃ နှစ်စာ အခွန်ပြေစာ
  • နောက်ဆုံး ၃ လစာ ဝင်ငွေအထောက်အထား သို့ ဘဏ်စာရင်း

ဝယ်ယူမည့် မြေနှင့်အဆောက်အဦးနှင့်ပတ်သက်၍ တင်ပြရမည့်စာရွက်စာတမ်းများ

  • စရံပေးစာချုပ်မူရင်း
  • ဝယ်ယူမည့် မြေနှင့်အဆောက်အဦး၏ဓာတ်ပုံ(ရှေ့/နောက်/ဘေး/ဝဲ/ယာ)
  • ရောင်းသူ အမည်ပေါက် မြေပိုင်ဆိုင်မှု စာချုပ်စာတမ်း မူရင်းများ
  • ဆက်စပ်စာချုပ်မူရင်းများ
  • ရောင်းချရန် ရည်ရွယ်ချက် ဖြင့်ထုတ်ထားသော သက်တမ်းရှိ မြေပုံ/မြေရာဇဝင် ၁၀၅/၁၀၆ မူရင်း
  • အဆောက်အဦး ပြီးစီးကြောင်းသက်သေခံလက်မှတ်
  • ဘဏ်၏ ဆုံးဖြတ်ချက်အရ လိုအပ်သော အခြားစာရွက်စာတမ်းများ

Let’s Start Auto Loan

More Reliable For Everyone

Let’s Start Auto Loan

More Reliable For Everyone