Login

သွင်းကုန်‌ငွေလွှဲစာတမ်းထုတ်ပေးခြင်း

ကုန်ဝယ်သူနှင့် ကုန်ရောင်းသူ၏  ကုန်သွယ်မှုဆိုင်ရာစာချုပ်တွင်ဖော်ပြထားသော စည်းမျဉ်းများနှင့် အညီပြုလုပ်ထားသည့် သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ် အသုံးပြုခြင်းကို ရွှေဘဏ်မှတာဝန် ယူ၍ ဝန်ဆောင်မှုပေးပါသည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • သွင်းကုန်ငွေလွှဲစာတမ်းသည် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်း၏ငွေပေးချေမှုနည်းလမ်းများတွင် လုံခြုံစိတ်ချရဆုံး ပေးချေမှုနည်းလမ်းဖြစ်ခြင်း။ 
  • လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိ ပါက ငွေလွှဲစာတမ်းထုတ်ပေးမှုကိုနေ့ချင်းပြီးဆောင်ရွက်နိုင်ခြင်း။ 

နှုန်းထားနှင့် အဖိုးအခများ

  • LC Issuing Charges – 0.25% on LC amount per 3 months (Min USD 50) 
  • SWIFT charges – USD 5 

လိုအပ်ချက်များ

  • ကုမ္ပဏီမှ ငွေလွှဲစာတမ်းလျှောက်ထားခွင့်ပြုပါရန် အကြောင်းကြားစာ 
  • သွင်းကုန်ငွေလွှဲစာတမ်း ဖွင့်လှစ်ခွင့်ပြုရန် လျှောက်လွှာ (ဘဏ်မှထုတ်ပေးသော ပုံစံ) 
  • အရောင်း/အဝယ် သဘောတူညီချက် အထောက်အထား 
  • ကုန်ဝယ်အမှာစာ 
  • သွင်းကုန်လိုင်စင် (လိုင်စင်လိုအပ်သော ပစ္စည်းများ ဖြစ်ပါက) 

သွင်းကုန်တောင်းခံလွှာ ကောက်ခံခြင်း

ရွှေဘဏ်မှ ကုန်တင်သွင်းသူသို့ သွင်းကုန်တောင်းခံလွှာ ကောက်ခံခြင်းဝန်ဆောင်မှုကို အောက်ဖေါ်ပြပါ ငွေပေးချေမှုပုံစံ နှစ်မျိူး အတွက် ၀န်ဆောင်မှု ပေးပါသည်။ 

  • ကုန်တင်သွင်းသူမှ စာရွက်စာတမ်းလက်ခံရရှိသည်နှင့် ငွေပေးချေရန်။ 
  • ကုန်တင်သွင်းသူမှ စာရွက်စာတမ်းလက်ခံရရှိပြီးနောက်မှငွေပေးချေရန်။ 

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ပေးချေမှုများအား အချိန်မှီ ဆောင်ရွက်နိုင်ခြင်း။ 
  • ချေးငွေရယူနိုင်ခြင်း။

နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ

  • ရောင်း/အဝယ် သဘောတူညီချက် အထောက်အထား 
  • ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ 
  • သွင်းကုန်လိုင်စင် (လိုင်စင်လိုအပ်သော ပစ္စည်းများ ဖြစ်ပါက)

‌ယုံကြည်အပ်နှံမှုလုပ်ငန်းချေးငွေစာချုပ်

သွင်းကုန်လုပ်ငန်းရှင်ထံသို့ငွေလွှဲစာတမ်းအရတင်ပို့သော ကုန်ပစ္စည်းများကို ယုံကြည်မှုဖြင့် ထုတ်ယူ ငွေပေးချေ ရှင်းလင်းရန ရေတိုအားဖြင့် ထုတ်ပေးသည့် ဘဏ္ဏာရေးထောက်ပံ့မှုဖြစ်သည်။သွင်းကုန်လုပ်ငန်းရှင်သည သတ်မှတ်ထားသည့်စည်းကမ်း အရသက်တမ်းစေ့သည့်ရက်တွင်ဘဏ်သို ပြန်လည်ပေးချေရမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ကုန်ပစ္စည်းများအရင်ရယူပြီးမှ ငွေပေးချေနိုင်ခြင်း။ 
  • ချေးငွေရယူနိုင်ခြင်း။ 
  • ကုန်ရောင်းသူသို့ အချိန်နှင့်တပြေးညီငွေပေးချေခြင်းဖြင့် လုပ်ငန်းနာမည်ကျော်ကြားမှုကိုတည်ဆောက်နိုင်ခြင်း။ 

နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ

  • Trust Receipt လျှောက်လွှာ 
  • Trust Receipt ငွေတောင်းခံလွှာ 
  • ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ (Bills of lading, Air Waybill) 
  • ကုန်ရောင်းပြေစာ

သင်္ဘောတင် ဘဏ်အာမခံစာချုပ်

ကုန်တင်သွင်းသူအနေဖြင့်ဆိပ်ကမ်းမှပစ္စည်းများထုတ်ယူရန်အတွက်သင်္ဘောတင် စာရွက်စာတမ်းများ အချိန်မီ မရောက်လာပါက ဘဏ်အာမခံစာချုပ်ထုတ်ပေးခြင်း ဝန်ဆောင်မှု ကိုရယူ နိုင်ပါသည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • သင်္ဘောတင် စာရွက်စာတမ်းများမရမီ ကုန်ပစ္စည်းများထုတ်ယူနိုင်ခြင်း။ 
  • ကုန်တင်နှောင့်နှေးကြန့်ကြာမှု နှင့် လျော်ကြေးပေးဆောင်ရမှုကို ရှောင်လွှဲနိုင်ခြင်း။

နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။ 

လိုအပ်ချက်များ

  • ဘဏ်ကထုတ်ပေးသောအာမခံလျှောက်လွှာပုံစံ 
  • ယုံကြည်အပ်နှံမှုလုပ်ငန်းပြေစာ 
  • ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ (Bills of lading, Air Waybill)