Login
Current Account

စာရင်းရှင်အပ်ငွေ၏ ရည်ရွယ်ချက်

စာရင်းရှငအပ်ငွေ Current Account သညသင့်ငွေကို လုံခြုံစွာဖြင့် ငွေပေးငွေယူစသည့် ငွေစီးဆင်းမှုကိစ္စရပ်များကို ကောင်းစွာစီမံခန့်ခွဲနိုင်ရန ကူညီပေးသော အကောင့်အမျိုးအစား ဖြစ်ပါသည်။ 

စာရင်းရှင်အပ်ငွေ၏ အကြောင်းဖော်ပြချက်

  • အတိုး မပေးသောအကောင့်အမျိုးအစား ဖြစ်ပါသည်။ 
  • အလွယ်တကူစာရင်းဖွင့်လှစ်နိုင်ပါသည်။ 
  • Current Account ၏ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများအတွက် ငွေပေးချေမှုများ နှင့် ငွေသွင်းငွေထုတ်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပါသည်။ 
  • အခြားဘဏ်အကောင့်များနှင့်လည်း ချိတ်ဆက်နိုင်ပါသည်။ 

ဖွင့်လှစ်နိုင်သော အကောင့်အမျိုးအစားများ

လူပုဂ္ဂိုလ်တစ်ဦးချင်း

လူပုဂ္ဂိုလ်နှစ်ယောက်နှင့်အထက်တွဲဖက်၍

ကုမ္ပဏီ

စာရင်းရှင်အပ်ငွေအကြောင်း အသေးစိတ်ဖော်ပြချက်

Table Header Table Header
အမျိုးအစား
စာရင်းရှင်အပ်ငွေစာရင်းအကောင့်
ငွေကြေး
မြန်မာကျပ်
အတိုးနှုန်း
အတိုးမပေးပါ
ဘဏ်မှထုတ်ပေးမည့် စာအုပ်အမျိုးအစား
ချက်စာအုပ်
စာရင်းရှင်အပ်ငွေဖွင့်လှစ်ရန် သင့်တော်သော Customer များ
စာရင်းရှင်အပ်ငွေ Current Account သည် ငွေပေးချေမှုများနှင့် ငွေလက်ခံမှုများ စသည့် ငွေကြေးစီးဆင်းမှုကို အဆင်ပြေချောမွေ့စွာ စီမံခန့်ခွဲလိုသော စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအတွက် သင့်တော်ပါသည်။
ကနဦးအပ်ငွေ
ကျပ် ၁,၀၀၀
အနည်းဆုံးလက်ကျန်ငွေ
ကျပ် ၁,၀၀၀
ကုမ္ပဏီ စာရင်းရှင်ငွေစာရင်းဖွင့်လှစ်ရန် လိုအပ်သည့် စာရွက်စာတမ်းများ
  • ဘဏ်၏စာရင်းဖွင့် လျှောက်လွှာ
  • စာရင်းဖွင့်လှစ်ပေးပါရန် ကုမ္ပဏီမှအကြောင်းကြားစာ (ကုမ္ပဏီ Letter Head ဖြင့်)
  • စာရင်းဖွင့်လှစ်ရန် ဆုံးဖြတ်ကြောင်း ကုမ္ပဏီ၏ အစည်းအ ဝေးမှတ်တမ်း (ကုမ္ပဏီ Letter Head ဖြင့်)
  • ကုမ္ပဏီလိုင်စင် သို့မဟုတ် DICA မှတ်ပုံတင်‌
  • ကုမ္ပဏီ၏ ရှယ်ယာဖွဲ့စည်းပုံဖော်ပြချက် (DICA Extract)
  • မှတ်ပုံတင်မိတ္တူ (စာရင်းတွင် ပါ၀င်ဖွင့်လှစ်မည့် သူများ ၏ မှတ်ပုံတင် သို့ နိုင်ငံကူးလက်မှတ်)
  • စာရင်းပိုင်ရှင်မဟုတ်သော အခြား၀န်ထမ်းများမှ လက်ကျန်ငွေစစ်ဆေးခြင်းနှင့် ငွေစုစာအုပ်စု ထုတ်ယူခြင်း များအတွက် ကုမ္ပဏီ Letter Head ပါ ခွင့်ပြုစာ