Login
Overdraft Loan

စာရင်းပိုထုတ်ချေးငွေ

စာရင်းပိုထုတ်ချေးငွေ၏ရည်ရွယ်ချက်

ရွှေဘဏ်၏ စာရင်းပိုထုတ်ချေးငွေသည် ကာလတိုစီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သောကုန်ပစ္စည်းများ၊ ရောင်းချသူ၏ငွေပေးချေမှု (သို့) အထွေထွေကုန်ကျစားရိတ်များ စသည့် လုပ်ငန်းနှင့်သက်ဆိုင်သော ငွေပေးချေမှုများလုပ်ဆောင်ရန် သင့်တော်သောချေးငွေအမျိုးအစားဖြစ်သည်။ 

ကာလသတ်မှတ်ချက်ချေးငွေလျှောက်ထားသူအတွက် အကျိူးကျေးဇူးများ

  • စာရင်းပိုထုတ်ချေးငွေဝန်ဆောင်မှု။ 
  • ရွှေဘဏ်၏ဘဏ်ခွဲများ၌ ချေးငွေလျှောက်ထားမှုကိုအလွယ်တကူရယူနိုင်ခြင်း။ 
  • စာရင်းပိုထုတ်ချေးငွေ၏ထုတ်‌ချေးထားသောငွေပမာဏကိုမည်သည့်အချိန်တွင်မဆို ထုတ်ယူသုံးစွဲခြင်းနှင့်ပြန်လည်ပေးဆပ်ခြင်းတို့ပြုလုပ်နိုင်ခြင်း။ 
  • အသုံးပြုသောချေးငွေပမာဏပေါ်တွင်သာအတိုးတွက်ချက်ခြင်း။ 
  • လစဉ် (သို့) () လ တစ်ကြိမ်သာအတိုးကောက်ခံခြင်း။ 
  • အရင်းကိုချေးငွေသက်တမ်းမကုန်ခင်ပေးဆပ်နိုင်ခြင်း သို့မဟုတ် ချေးငွေသက်တမ်းကုန်ဆုံးသည့်နေ့တွင်အကြေပေးဆပ်နိုင်ခြင်း။ 
  • နေ့စဉ်ငွေသွင်း‌ငွေထုတ်လုပ်ငန်းစဉ်များကို အင်တာနက်မှတဆင့် သို့မဟုတ် Mobile Banking မှတဆင့်စစ်ဆေးနိုင်ခြင်း။ 

ချေးငွေလျှောက်ထားနိုင်သောသူများ

  • အသေးစားလုပ်ငန်းများ 
  • အလတ်စားလုပ်ငန်းများနှင့် 
  • အသင်းအဖွဲ့ဆိုင်ရာလုပ်ငန်းများ

အသေးစိတ်အချက်အလက်များ

Table Header Table Header
ချေးငွေအမျိုးအစား
စာရင်းပိုထုတ်ချေးငွေ
ငွေကြေးအမျိုးအစား
မြန်မာကျပ်ငွေ
ချေးငွေအသုံးပြုနိုင်သောနည်းလမ်း
Cheque Book
သင့်တ်ောသောလုပ်ငန်းများ
နေ့စဉ် လည်ပတ်နေသောစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးငွေလိုအပ်နေသောစီးပွား‌ရေးလုပ်ငန်းများ သို့မဟုတ် ကာလတိုချေးငွေလိုအပ်နေသောစီးပွားရေးလုပ်ငန်းများအတွက် အရင်းကိုချေးငွေသက်တမ်းမကုန်ခင်ပေးဆပ်နိုင်ခြင်း သို့မဟုတ် ချေးငွေသက်တမ်းကုန်ဆုံးသည့်နေ့တွင်အကြေပေးဆပ်နိုင်သောနည်းဖြင့်ချေးငွေရယူနိုင်ပါသည်။
ချေးငွေသက်တမ်း
၁ နှစ် (သက်တမ်းတိုးနိုင်)
လက်ခံနိုင်သောအာမခံပစ္စည်း
မြေနှင့်အဆောက်အဦး

ဘဏ်တွင်အပ်နှံထားသောငွေကြေး (MMK/USD)
အတိုးနှုန်း
၉% (တစ်နှစ်လျှင်)
Commitment Fees
၁% အသုံးမပြုသောငွေပမာဏအပေါ်တွင်တွက်ချက်ကောက်ခံပါမည်။
ဝန်ဆောင်ခ
ချေးငွေပမာဏအပေါ်တွင် (၁%) ကောက်ခံပါမည်။
ပြန်လည်ပေးဆပ်ရန်နည်းလမ်း
အတိုးကို လစဉ် (သို့မဟုတ်) (၃) လတစ်ခါ နှင့် အရင်းကိုချေးငွေသက်တမ်းကုန်ဆုံးမည့်ရက်၌ အပြေအကြေပေးဆပ်ရန် (သို့) လစဉ်အတိုးအရင်းပုံမှန်ပေးသွင်းရန်

ချေးငွေလျှောက်ထားရန်လိုအပ်သော ချေးငွေလျှောက်ထားမှုဆိုင်ရာစာရွက်စာတမ်းများစာရွက်စာတမ်းများ

  • စာရွက်စာတမ်းများ
  • ချေးငွေလျှောက်လွှာ
  • ကုမ္မဏီတံဆိပ်တုံးပါလျှောက်လွှာ
  • ဒါရိုက်တာအဖွဲ့ဝင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်
  • လုပ်ငန်းနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ
  • ကုမ္မဏီ မှတ်ပုံတင်
  • DICA information
  • သွင်းကုန်ထုတ်ကုန်လိုင်စင်
  • လုပ်ငန်းလိုင်စင်
  • ငွေရေးကြေးရေးရည်ရွယ်ချက်နှင့် ပေးအပ်မည့်အာမခံအမျိုး အစားပါဝင်သော လုပ်ငန်းအစီအစဉ်
  • အရှုုံးအမြတ်စာရင်း(၃)နှစ်စာ
  • အမြတ်ခွန်ပြေစာ(၃)နှစ်စာ
  • လွန်ခဲ့သော ၆ လအတွင်းဝယ်ယူသူနှင့်ရောင်းချသူတို့၏ရောင်းဝယ်မှုဘောင်ချာ
  • အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ
  • လျှောက်ထားသူနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ
  • ကိုယ်ရေးအချက်အလက်များ (မှတ်ပုံတင်၊သန်းခေါင်စာရင်း၊ရပ်ကွက်ထောက်ခံစာ)
  • အာမခံနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ
  • ‌အာမခံစာရွက်စာတမ်းမူရင်းများ
  • ဆက်စပ်စာချုပ်မူရင်းများ
  • မြေပုံမြေရာဇဝင် ၁၀၅/၁၀၆ မူရင်းများ
  • အာမခံနှင့်လုပ်ငန်းဓါတ်ပုံများ
  • အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ