Login
Call Deposit Account

ခေါ်ယူ အပ်ငွေစာရင်း၏ ရည်ရွယ်ချက်

ခေါ်ယူအပ်ငွေစာရင်း Call Deposit Account သည ငွေစုသူများအနေဖြင့် နေ့စဉ်ငွေသွင်းငွေထုတ်ပြုလုပ်ရင်း တစ်နေ့တာလက်ကျန်ပေါ်တွငနေ့စဥ်အတိုးခံစားခွင့်ရရှိနိုင်‌သော အပ်ငွေစာရင်းအမျိုးအစား ဖြစ်ပါသည်။

ခေါ်ယူအပ်ငွေ ၏ အကြောင်းဖော်ပြချက်

  • အတိုးပေးသောအကောင့် ဖြစ်ပါသည်။ 
  • နေ့စဉ်ငွေသွင်းငွေထုတ်ပြုလုပ်ရင်း ‌နေ့စဥ်အတိုးခံစားခွင့် ရရှိရန် ရွေးချယ်သင့်သော အကောင့်အမျိုးအစား တစ်ခုဖြစ်ပါသည်။ 
  • လ တစ်လ၏ မည်သည့်နေ့တွင်မဆို ငွေအပ်နှံပါက အတိုးရရှိမည် ဖြစ်ပါသည်။ 
  • တစ်နေ့တာစာရင်းပိတ် လက်ကျန်ငွေပေါ်တွင် နေ့စဥ်အတိုးတွက်ချက်ပေးပြီး ငွေစုသူအကောင့်သို့ လစဉ်လကုန်ရက်တိုင်း အလိုအလျောက်ထည့်သွင်း ပေးသွားမည်ဖြစ်ပါသည်။ 

ဖွင့်လှစ်နိုင်သော အကောင့်အမျိုးအစားများ

လူပုဂ္ဂိုလ်တစ်ဦးချင်း

လူပုဂ္ဂိုလ်နှစ်ယောက်နှင့်အထက်တွဲဖက်၍

ကုမ္ပဏီ

ခေါ်ယူအပ်ငွေ အကြောင်း အသေးစိတ်ဖော်ပြချက်

Table Header Table Header
အမျိုးအစား
‌ခေါ်ယူအပ်ငွေစာရင်းအကောင့်
ငွေ‌‌‌ကြေး
မြန်မာကျပ်
အတိုးနှုန်း
နှစ်စဥ် ၆%
ဘဏ်မှထုတ်ပေးမည့် စာအုပ်အမျိုးအစား
Call Deposit ငွေစုစာအုပ်
ခေါ်ယူအပ်ငွေဖွင့်လှစ်ရန် သင့်တော်သော Customer များ
ခေါ်ယူအပ်ငွေစာရင်း Call Deposit Account သည် လုပ်ငန်းသုံးလည်ပတ်ငွေများအား နေ့စဥ်ငွေသွင်းငွေထုတ် ပြုလုပ်ရင်း တစ်နေ့တာငွေလက်ကျန်ပေါ်တွင် နေ့စဥ်အတိုး ရရှိ လိုသော စီးပွားရေးလုပ်ငန်းရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် သင့်တော်သော အကောင့်အမျိုးအစား ဖြစ်ပါသည်။
ကနဦးအပ်ငွေ
ကျပ် ၁၀,၀၀၀
အနည်းဆုံးလက်ကျန်ငွေ
ကျပ် ၁,၀၀၀
ကုမ္ပဏီ ခေါ်ယူအပ်ငွေစာရင်း ဖွင့်လှစ်ရန် လိုအပ်သည့် စာရွက်စာတမ်းများ
  • ဘဏ်၏စာရင်းဖွင့် လျှောက်လွှာ
  • စာရင်းဖွင့်လှစ်ပေးပါရန် ကုမ္ပဏီမှအကြောင်းကြားစာ (ကုမ္ပဏီ Letter Head ဖြင့်)
  • စာရင်းဖွင့်လှစ်ရန် ဆုံးဖြတ်ကြောင်း ကုမ္ပဏီ၏ အစည်းအ ဝေးမှတ်တမ်း (ကုမ္ပဏီ Letter Head ဖြင့်)
  • ကုမ္ပဏီလိုင်စင် သို့မဟုတ် DICA မှတ်ပုံတင်‌
  • ကုမ္ပဏီ၏ ရှယ်ယာဖွဲ့စည်းပုံဖော်ပြချက် (DICA Extract)
  • မှတ်ပုံတင်မိတ္တူ (စာရင်းတွင် ပါ၀င်ဖွင့်လှစ်မည့် သူများ ၏ မှတ်ပုံတင် သို့ နိုင်ငံကူးလက်မှတ်)
  • စာရင်းပိုင်ရှင်မဟုတ်သော အခြား၀န်ထမ်းများမှ လက်ကျန်ငွေစစ်ဆေးခြင်းနှင့် ငွေစုစာအုပ်စု ထုတ်ယူခြင်း များအတွက် ကုမ္ပဏီ Letter Head ပါ ခွင့်ပြုစာ