Login
Personal Loan

စာရင်းပေါင်ချေးငွေ

စာရင်းပေါင်ချေးငွေ၏ရည်ရွယ်ချက်

  • ရွှေဘဏ်တွင် Fixed Deposit Account ဖွင့်လှစ်ထားသည့် Customer များအနေဖြင့်အရေးပေါ်ငွေလိုအပ်လာပါက Fixed Deposit ကိုပယ်ဖျက်ရန်မလိုဘဲ Overdraft ချေးငွေရယူ၍လိုအပ်ငွေကိုအသုံးပြုနိုင်စေရန် 
  • ရွှေဘဏ်၏ Existing Customer များအားစျေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော Product အသစ်များထပ်မံသုံးစွဲစေခြင်းဖြင့်ရွှေဘဏ်၏အမာခံ Customer များဖြစ်လာစေရန်ရည်ရွယ်ပါသည်။

စာရင်းပေါင်လျှောက်ထားသူအတွက်အကျိုးကျေးဇူးများ

  • လုပ်ငန်းအတွက်အသုံးပြုရန် (သို့မဟုတ်) မိမိအတွက်အသုံးပြုရန် အရေးပေါ် ငွေလိုအပ်လာပါက Fixed Deposit ကို ပယ်ဖျက်ရန်မလိုပဲ လိုအပ်‌ငွေကို အသုံးပြုနိုင်ခြင်း
  • မြန်ဆန်လွယ်ကူစွာဖြင့်အချိန်ကာလအနည်းငယ်အတွင်းချေးငွေရယူသုံးစွဲနိုင်ခြင်း 
  • အခြားချေးငွေအမျိုးအစားများကဲ့သို့ရှေ့နေ၊ရာဖြတ်၊မီးအာမခံစသည့်ကုန်ကျစရိတ်များမရှိခြင်း  
  • စာရင်းပေါင်ချေးငွေအားအသုံးပြုနေချိန်တွင်တစ်ဖက်မှလည်း Fixed Deposit အတွက်အတိုးရရှိနိုင်ခြင်း

ချေးငွေသတ်မှတ်ချက်မျာ

Table Header Table Header
လျှောက်ထားနိုင်သောပမာဏ
အာမခံအဖြစ်ပေးအပ်သော Fixed Deposit Account Balance ၏ အများဆုံး ၈၀%
ချေးယူနိုင်သည့်ပမာဏ
အများဆုံး ကျပ်(၅၀၀,၀၀၀,၀၀၀)

အနည်းဆုံးကျပ်(၅၀,၀၀၀,၀၀၀)
ချေးငွေသက်တမ်း
စာရင်းပေါင်ချေးငွေသက်တမ်းမှာအနည်းဆုံးရက်(၃၀)မှအများဆုံး(၁)နှစ်
အတိုးနှုန်း
၁၀%(တစ်နှစ်လျှင်)
Commitment fees
၀.၅%( တစ်နှစ်လျှင်)

Commitment Fee ကိုနေ့စဥ်မသုံးစွဲသည့်ငွေပေါ်တွင်ရက်အလိုက် တွက်ချက်ကောက်ခံမည်ဖြစ်သည်
ပြန်လည်ပေးဆပ်ရန်နည်းလမ်း
- ချေးငွေအတိုးနှင့် Commitment Fees များကိုလစဉ်လကုန်ရက်မတိုင်မီပေးသွင်းရန်

- ချေးငွေအရင်း၊အတိုးများအားမိမိကိုယ်ပိုင်ငွေဖြင့်သော်လည်း ကောင်း၊ အာမခံပေးအပ်ထားသော Fixed Deposit Account အား ပယ်ဖျက်၍သော်လည်းကောင်းချေးငွေကိုပြန်လည်ပေးဆပ်နိုင်ပါသည်။
အခြားကုန်ကျငွေ
ချေးငွေလျှောက်လွှာကြေး၊အခြားတံဆိပ်ခေါင်းကုန်ကျငွေများ၊

အာမခံအဖြစ်လက်ခံရန်အချက်များ

၁။ရက်ပေါင်း၁၂၀နှင့်အထက်သက်တမ်းဖြင့်ဖွင့်လှစ်ခဲ့သည့်အောက်ပါ Fixed Deposit အမျိုးအစားများကို အာမခံအဖြစ်လက်ခံမည်ဖြစ်ပါသည်။ 

   () SHWE Prepaid Fixed Deposit 

   () လသက်တမ်းစာရင်းသေအပ်ငွေစာရင်း 

  () လသက်တမ်းစာရင်းသေအပ်ငွေစာရင်း 

  () ၁၂လသက်တမ်းစာရင်းသေအပ်ငွေစာရင်း  

၂။ အခြားချေးငွေအတွက်အပေါင်ပေးပြီးဖြစ်သောစာရင်းသေအပ်ငွေစာရင်းများဖြင့်လျှောက်ထားခွင့်မရှိပါ။ 

၃။ စာရင်းပေါင်ချေးငွေလာရောက်လျှောက်ထားချိန်တွင်Fixed Deposit ၏လက်ကျန်သက်တမ်းမှာရက် (၃၀) နှင့်အထက်ရှိရမည်။ 

၄။ အာမခံအဖြစ်ထားရှိမည့် Fixed Deposit သည်အရင်းငွေအားအလိုအလျောက်သက်တမ်းတိုးခြင်း (Auto Renewal mode)ကိုရွေးချယ်ထားသည့် Fixed Deposit ဖြစ်ရန်လိုအပ်ပါသည်။ 

၅။ Fixed Deposit တွင်ပါဝင်သူအရေအတွက်အတိအကျအတိုင်းစာရင်းပေါင်ချေးငွေအားလျှောက်ထားရမည် ဖြစ်ပါသည်။ 

၆။ စာရင်းပေါင်ချေးငွေလျှောက်ထား လိုသူသည်မိမိ Fixed Deposit Account ဖွင့်လှစ်ခဲ့သောမူရင်းဘဏ်ခွဲ၌ လူကိုယ်တိုင်သွားရောက်လျှောက်ထားရမည်ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

For Individual / For Businesses

()မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း(မိတ္တူ) 

() Fixed Deposit Passbook or Certificate မူရင်း 

() အစည်းအဝေးဆုံးဖြတ်ချက်( BOD Resolution)မူရင်း

စာရင်းပေါင်ချေးငွေရယူပုံအဆင့်ဆင့်

အဆင့်

စာရင်းပေါင်ချေးငွေလျှောက်ထားရန် နီးစပ်ရာ ရွှေဘဏ်၏ဘဏ်ခွဲများသို့ ဆက်သွယ်ပါ။ 

အဆင့်

စာရင်းပေါင်ချေးငွေလျှောက်လွှာအား နီးစပ်ရာဘဏ်ခွဲများတွင် ရယူပါ။

အဆင့်

လိုအပ်သောစာရွက်စာတမ်းများအားစုစည်းပြီး နီးစပ်ရာ ရွှေဘဏ် ဘဏ်ခွဲ တွင်လျှောက်ထားပါ။ 

အဆင့်

ဘဏ်မှခွင့်ပြုချက်ရရှိပါက ချေးငွေစာရွက်စာတမ်းများအား လက်မှတ်ရေးထိုးပြီး ချေးငွေကိုရယူနိုင်ပါသည်။ 

စာရင်းပေါင်ချေးငွေလျှောက်ထားနိုင်သူများ

  • အာမခံအဖြစ်လက်ခံနိုင်သော ရက်ပေါင်း၁၂၀နှင့်အထက်သက်တမ်းဖြင့်ဖွင့်လှစ်ထားသော Fixed Deposit အမျိုးအစားများ။ 
  • စာရင်းပေါင်ချေးငွေလာရောက်လျှောက်ထားချိန်တွင် Fixed Deposit ၏လက်ကျန်သက်တမ်းမှာရက် (၃၀)နှင့်အထက်ရှိရမည်။ 
  • Fixed Deposit တွင်ပါဝင်သူအရေအတွက်အတိအကျအတိုင်းစာရင်းပေါင်ချေးငွေအားလျှောက်ထားရမည် ဖြစ်ပါသည်။ 
  • အာမခံအဖြစ်ထားရှိမည့် Fixed Deposit သည်အရင်းငွေအားအလိုအလျောက်သက်တမ်းတိုးခြင်း (Auto Renewal mode)ကိုရွေးချယ်ထားသည့် Fixed Deposit ဖြစ်ရန်လိုအပ်ပါသည် 

Let’s Start Home Loan

More Reliable For Everyone

Let’s Start Home Loan

More Reliable For Everyone