Login

ပို့ကုန်ငွေလွှဲစာတမ်း ရောက်ရှိကြောင်းအသိပေးအကြောင်းခြင်း

ကုန်တင်ပို့သူထံမှ ရရှိ ထားသော ပို့ကုန်ငွေလွှဲစာတမ်းကို  စစ်မှန်ကြောင်းအတည်ပြုပြီ အကျိုးခံစားခွင့်ရှိသူထံသို့ အကြောင်းကြားပေး သည့် ဝန်ဆောင်မှု များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ပို့ကုန်ငွေလွှဲစာတမ်းသည်စစ်မှန်ကြောင်းအတည်ပြုနိုင်ခြင်း။ 
  • ကုန်သွယ်မှုအတွက် အကြံပေးမှုကို ရယူနိုင်ခြင်း။ 
  • ငွေလွှဲစာတမ်းပါ စည်းမျည်းစည်းကမ်းများကို စိစစ်ပေးခြင်း။

နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ

  • ပို့ကုန်ငွေလွှဲစာတမ်းထုတ်ပေးပါရန်တောင်းခံစာ 
  • ပို့ကုန်လိုင်စင်  (လိုင်စင်လိုအပ်သော ပစ္စည်းများ ဖြစ်ပါက) 
  • ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ (Commercial, Financial, Transport, Official and Insurance documents)

ပို့ကုန်ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ စစ်ဆေးပေးခြင်း

ကုန်တင်ပို့သူထံမှ ပို့ကုန်ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများကို စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ငွေလွှဲစာတမ်းဆိုင်ရာစည်းမျဉ်းများ နှင့်ကိုက်ညီမှုရှိမရှိ စစ်ဆေးပေးခြင်းကို ရွှေဘဏ်မှ ၀န်ဆောင်မှု ပေးပါသည်။

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်လာစေခြင်း ။ 
  • ပို့ကုန်ရငွေကို အချိန်နှင့် တစ်ပြေးညီ စစ်ဆေးနိုင်ခြင်း။   

နှုန်းထားနှင့် အဖိုးအခများ

ဝန်ဆောင်ခနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

လိုအပ်ချက်များ

  • စစ်မှန်ကြောင်းအတည်ပြုပြီးဖြစ်သည့် ပို့ကုန်ငွေလွှဲစာတမ်း 
  • ပို့ကုန်လိုင်စင်  (လိုင်စင်လိုအပ်သော ပစ္စည်းများ ဖြစ်ပါက) 
  • ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ (Commercial, Financial, Transport, Official and Insurance documents)

ပို့ကုန်တောင်းခံလွှာ ကောက်ခံခြင်း

ကုန်၀ယ်သူဘဏ်သို့ သင်္ဘောတင်စာရွက်စာတမ်းများအားတင်ပြပြီးကုန်ပစ္စည်းတန်ဖိုး ကောက်ခံပေးခြင်းဝန်ဆောင်မှုကို အောက်ဖေါ်ပြပါ ငွေပေးချေမှုပုံစံ နှစ်မျိူး အတွက် ၀န်ဆောင်မှု ပေးပါသည်။ 

  • ကုန်တင်သွင်းသူမှ စာရွက်စာတမ်းလက်ခံရရှိသည်နှင့် ငွေပေးချေရန်။  
  • ကုန်တင်သွင်းသူမှ စာရွက်စာတမ်းလက်ခံရရှိပြီးနောက်မှငွေပေးချေရန်။ 

ဝန်ဆောင်မှုမှရရှိမည့်အကျိုးကျေးဇူးများ

  • ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအရင်းနှီးတိုးတက်လာပြီး ပိုမိုကောင်းမွန်သောငွေကြေးစီးဆင်းမှုကိုထောက်ပံ့ပေးခြင်း။ 
  • ကုန်တင်သွင်းသူထံမှ ငွေတောင်းခံလွှာအတွက် ပေးချေမှုကို ဘဏ်၀န်ဆောင်မှုမှ တစ်ဆင့် လုံခြုံစွာရယူနိုင်ခြင်း။ 