Login
LAND & BUILDING LOAN

LAND & BUILDING LOAN

လူကြီးမင်းတို့ရဲ့ ဝင်ငွေများ ပိုမိုတည်တံ့ခိုင်မြဲစေဖို့ အိမ်ခြံမြေများဝယ်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စိတ်ကူးများကို SHWE Bank Land & Building Loan နဲ့ အကောင်အထည်ဖော်လိုက်ပါ။🏠😍

အဆိုပါ ချေးငွေအမျိုးအစားလေးကတော့ မြေကွက် သီးသန့်ဝယ်ချင်သူများသာမက မြေနဲ့အိမ် တွဲလျက်ဝယ်ချင်သူများအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

SHWE Bank Land & Building Loan ကို ယူမယ်ဆိုရင် ကနဦးပေးသွင်းငွေ အနည်းဆုံး (၃၀%) မှ စတင်ပေးသွင်းရမှာဖြစ်ပြီး ချေးငွေသက်တမ်းကတော့ အများဆုံး (၁၅) နှစ်အထိဖြစ်ပါတယ်။

ချေးငွေနဲ့ ပတ်သက်လို့ တင်ပြမယ့် စာရွက်စာတမ်းပြည့်စုံခိုင်မာမှုအပေါ်မူတည်ပြီး အချိန်တိုအတွင်း ချေးငွေရရှိနိုင်မှာဖြစ်သလို နှစ်စဥ်အတိုးနှုန်းကလည်း (၁၀%) မှ (၁၂%) ပါ။ ဒါ့အပြင် လစဥ်ပုံသေ အရစ်ကျစနစ်နဲ့ ပြန်လည်ပေးဆပ်နိုင်မှာပါ။

SHWE Bank Land & Building Loan နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖော်ပြပါ Website Link – https://www.shwebank.com/consume…/loan/land-building-loan/ မှ တဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

#SHWEBank

#AtYourService

#LandandBuildingLoan

Share Now:
Share on facebook
Share on twitter
Share on linkedin
Gallery