Login
Term Loan

ကာလသတ်မှတ်ချက်ချေးငွေ

ကာလသတ်မှတ်ချက်ချေးငွေထုတ်လုပ်ရခြင်းရည်ရွယ်ချက်

 ရွှေဘဏ်၏ ကာလသတ်မှတ်ချက်ချေးငွေသည် ကာလရှည်စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သောစက်ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ အဆောက်အဦးများ စသည့် လုပ်ငန်းနှင့်သက်ဆိုင်သောပစ္စည်းများဝယ်ယူရန် သင့်တော်သောချေးငွေအမျိုးအစားဖြစ်သည်။ 

ကာလသတ်မှတ်ချက်ချေးငွေလျှောက်ထားသူအတွက် အကျိူးကျေးဇူးများ

  • ရွှေဘဏ်၏ဘဏ်ခွဲများ၌ ချေးငွေလျှောက်ထားမှုကိုအလွယ်တကူရယူနိုင်ခြင်း။ 
  • အတည်ပြုထားသောထုတ်ယူမှုအစီအစဉ်အရ ချေးငွေကိုထုတ်ယူနိုင်ခြင်း။ 
  • အတိုးကို လစဉ် (သို့မဟုတ်) () လတစ်ခါ ပြန်လည်ပေးဆပ်နိုင်ခြင်း။ 
  • ချေးငွေကို ချေးငွေသက်တမ်းပြည့်သည့်နေ့၌ အပြေအကြေပြန်လည်ပေးဆပ်နိုင်ခြင်း။ 

ချေးငွေလျှောက်ထားနိုင်သောသူများ

  • အသေးစားလုပ်ငန်းများ 
  • အလတ်စားလုပ်ငန်းများနှင့် 
  • အသင်းအဖွဲ့ဆိုင်ရာလုပ်ငန်းများ 

အသေးစိတ်အချက်အလက်များ

Table Header Table Header
ချေးငွေအမျိုးအစား
ကာလသတ်မှတ်ချက်ချေးငွေ
ငွေကြေးအမျိုးအစား
မြန်မာကျပ်ငွေ
ချေးငွေအသုံးပြုနိုင်သောနည်းလမ်း
Cheque Book
သင့်တ်ောသောလုပ်ငန်းများ
ကာလရှည်ရင်းနှီးမြှုပ်နှံမှုအတွက် ငွေရေးကြေး‌ရေး လိုအပ်နေသောလုပ်ငန်များ
ချေးငွေသက်တမ်း
အများဆုံး (၃) နှစ်
လက်ခံနိုင်သောအာမခံပစ္စည်း
မြေနှင့်အဆောက်အဦး
ဘဏ်တွင်အပ်နှံထားသောငွေကြေး (MMK/USD)
စီမံကိန်းသဘောတူစာချုပ်
အတိုးနှုန်း
၁၀% (တစ်နှစ်လျှင်)
ဝန်ဆောင်ခ
ချေးငွေပမာဏအပေါ်တွင် (၁%) ကောက်ခံပါမည်။
ပြန်လည်ပေးဆပ်ရန်နည်းလမ်း
အတိုးကို လစဉ် (သို့မဟုတ်) (၃) လတစ်ခါ နှင့် အရင်းကို ချေးငွေသက်တမ်းကုန်ဆုံးမည့်ရက်၌ အပြေအကြေပေးဆပ်ရန် (သို့) လစဉ်အတိုးအရင်းပုံမှန်ပေးသွင်းရန်

ချေးငွေလျှောက်ထားရန်လိုအပ်သော ချေးငွေလျှောက်ထားမှုဆိုင်ရာစာရွက်စာတမ်းများ

  • စာရွက်စာတမ်းများ
  • ချေးငွေလျှောက်လွှာ
  • ကုမ္မဏီတံဆိပ်တုံးပါလျှောက်လွှာ
  • ဒါရိုက်တာအဖွဲ့ဝင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်
  • လုပ်ငန်းနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ
  • ကုမ္မဏီ မှတ်ပုံတင်
  • DICA information
  • သွင်းကုန်ထုတ်ကုန်လိုင်စင်
  • လုပ်ငန်းလိုင်စင်
  • ငွေရေးကြေးရေးရည်ရွယ်ချက်နှင့် ပေးအပ်မည့်အာမခံအမျိုးအစား ပါဝင်သော လုပ်ငန်းအစီအစဉ်
  • အရှုုံးအမြတ်စာရင်း(၃)နှစ်စာ
  • အမြတ်ခွန်ပြေစာ(၃)နှစ်စာ
  • လွန်ခဲ့သော ၆ လအတွင်းဝယ်ယူသူနှင့်ရောင်းချသူတို့၏ရောင်းဝယ်မှုဘောင်ချာ
  • အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ
  • လျှောက်ထားသူနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ
  • ကိုယ်ရေးအချက်အလက်များ (မှတ်ပုံတင်၊သန်းခေါင်စာရင်း၊ရပ်ကွက်ထောက်ခံစာ)
  • အာမခံနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ
  • ‌အာမခံစာရွက်စာတမ်းမူရင်းများ
  • ဆက်စပ်စာချုပ်မူရင်းများ
  • မြေပုံမြေရာဇဝင် ၁၀၅/၁၀၆ မူရင်းများ
  • အာမခံနှင့်လုပ်ငန်းဓါတ်ပုံများ
  • အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ